Pages

Sunday, November 6, 2011

ဂီတာဟောင်းနဲ့ ရင်ခွင်ဟောင်း




ဂီတာဟောင်း
နှလုံးသားဟောင်း
အတိတ်ဟောင်းတို့
ဒီအခန်းကျဉ်းထဲ စခန်းချကာ
လွမ်းဆွေး ကြေကွဲ။

ဂီတာဟောင်းလည်း
အဆွေးသီချင်းနဲ့သာ မိတ်ဖွဲ့
ရင်ခွင်ဟောင်းလည်း
အလွမ်းကဗျာတို့သာ သီကုံး
အခန်းကျဉ်းလေးထဲက ငိုကြွေးလုဆဲ
မင်းသီချင်းစာအုပ်ဟောင်းလေး။

ဂီတာအိုဟာ
သံစဉ်သစ်တို့ မင်းအတွက်သီကျူး
ဒါပေမဲ့လည်း ...
အချစ်သစ်နဲ့ အစားမထိုးတဲ့
ရင်ခွင်ထဲက နာကြဉ်နေဆဲ ဒီနေရာဟောင်း။

ဂီတာဟောင်းလည်း ငိုနေဆဲ
ရင်ခွင်ဟောင်းလည် မျှော်နေမြဲ
ကြိုးပြတ်လုဆဲ ဒီဂီတာလည်း
နှစ်သိမ့်ဖို့ ရင်ခွင်ဟောင်းရဲ့ထက်
ကြေကွဲစွာ သီဆိုပေမယ့်
ငါလေ ရူးမိုက်စွာ လွမ်နေဆဲ...။

မယ်ထား



No comments:

Post a Comment

Your comment is a lamb of my way.