ဒီ Campus ကို
လူတွေတဖွဲဖွဲရောက်လာပေမယ့်
ငါ့နှလုံးသာကို စိုပြည်နွေးထွေးမှုမပေးကြဘူး။
လူတွေသာ
အရင်ကထက်ပိုများလာတော့
ငါလည်းပိုပြီး အထီးကျန်လာတယ်။
လူတွေများလာလေလေ
ငါ့ရဲ့ အထီးကျန်ဒဏ်ရာဟာ နက်လာလေလေ။
သူတို့ အစုအဝေးနဲ့ သူတို့
ပျော်ပါး ရွှင်မြူးနေကြပေမယ့်
ငါဟာ တဖြည်းဖြည်းသူတို့နဲ့ဝေးကွားသွားသလိုပဲ။
ဒီလို အထီးကျန်မှုတွေဟာ
နင်ထွက်သွားပြီးကတည်းက ရထားတဲ့ရောဂါ။
မယ်ထား
No comments:
Post a Comment
Your comment is a lamb of my way.