အိမ်ပြန်ချိန်ကိုများ မေ့နေသလား
မျှော်နေသူ ရှိတာကို သတိမရလို့လား
ရှည်ကြာလွန်းတဲ့ ခရီးက ...
အဝေးဆုံးခရီးအဖြစ် ပြောင်းလည်းသွားတက်တယ် ...
ဟို အရင်ထိုင်ခုန်တန်းလေးပေါ်မှာ
အရင်က အချစ်တွေမပြောင်းလည်း
ရင်ခွင်ဟောင်းလေးက တမ်းတဆဲ ...
ပြောခဲ့တဲ့စကားတွေကို
ကြားယောင်မြဲ ... အမှတ်တရတွေလည်း
အခုတော့ ရင်ခွင်ကို နာကြင်စေရုံသက်သက်ဘဲ
ရက်တွေလတွေသာ နွေသစ်ရွက်တွေလို
ကြွေကျသွားပေမယ့် ပြန်လာချိန်တန်လို့
ပြန်မလာသူရယ် ...
သစ်ရွက်ကြွေတွေကောက်နေသူကို
မြင်ယောင်ကြည့်လှည့်ပါဦးကွယ် ...
မယ်ထား