မျှော်သူပေါ်မလာ ... မျှော်နေသူသာ
လွမ်းလို့ကြေကွဲ နာကြဉ်နေလည်း
သူမမြင်နိုင်ပါ ဒီဒဏ်ရာများ။
လွမ်းတယ်ပြောလည်း မထူးတော့ပါ
ဟိုအရင်လိုချစ်ဆဲ မင်းတစ်ယောက်သာ
နေ့ရက်တို့သာ ကုန်ဆုံးသွား
မျှော်သူသာမောကာ သူ ပေါ်မလာ။
ဝေးတာကြာလာ ပြောင်းလည်းသွား
အချစ်သစ်များ တွေ့လေသလား
စိမ်းကားသွားသူအား စောင့်မျှော်နေသူမှာ
မျက်ရည်ချောင်းစီးလာ ......
သို့သော် ... မျှော်သူပေါ်မလာ။
မယ်ထား
No comments:
Post a Comment
Your comment is a lamb of my way.