Pages

Sunday, November 6, 2011

လမ်းခွဲဖို့ မတွေးနဲ့





 ငါ့ဘ၀သာယာဖို့များ
လမ်းခွဲဖို့ နင်တွေးခဲ့သလား။
ငါ့ကို ငဲ့ညှာတဲ့အနေနဲ့
နင်ရင်နာခံပြီး နှုတ်ဆက်စကားပြောသလား။

ဒီလိုတွေးရင် ...နင်မှားသွားပြီ၊
နင် ငါ့ဘ၀မှာရှိနေလို့ ငါသေမယ်ဆိုရင်တောင်
ရင်ကွဲပြီး ရှင်လျက်သေတာထက်
နင့်ကိုချစ်လျက်လေး သေသွားချင်တယ်။



"အချစ်က စုံလုံးမကန်းဘူး
တစ်ဖက်ဘဲကန်းပြီး တစ်ဖက့်ကမြင်ရတယ်"တဲ့
နင့်ရဲ့ အယူအဆက ငါ့ကိုရင်နာစေတယ်။
ဦးနှောက်အားသန်လွန်းတဲ့ နင့်ကြောင့်
ငါ့နှလုံးသားကို စတေးလိုက်ရမှာလား။

နင်သာ ငါ့ဘေးနားမှာရှိရင်
ဘယ်အရာကိုမဆို ရင်ဆိုင်နိုင်မှာပါ။
ငါ့မှာရင်ဆိုင်စရာ ပြသနာမရှိအောင်
နင်အနစ်နာခံ ငါ့ကိုလမ်းခွဲဖို့ မတွေးနဲ့။
နင်နာကြဉ်တာထက် ငါပိုရင်ကွဲတယ်ဆိုတာ
စကားလုံးတွေနဲ့တောင် မပြောပြတတ်အောင်ဘဲ။

ဆုံဆည်းမှချစ်တာ မဟုတ်ဘူးလို့
လာနှစ်သိမ့်မနေပါနဲ့ ... နင့်မျက်လုံးထဲမှာ
ချစ်လျက်နဲ့ လမ်းခွဲဖို့မ၀ံ့ရဲတာကို ငါမြင်ရတယ်။
အရင်ကလိုဘဲ အခက်အခဲတွေကို
ဖြေရှင်းတတ်အောင် သင်ပေးပါလား ...
လက်လျှော့ လမ်းခွဲဖို့တော့မတွေးပါနဲ့။

မယ်ထား

No comments:

Post a Comment

Your comment is a lamb of my way.