ဘာမှမရှိသေးတဲ့ငါ့ကို
လိုအင်ဖြည့်ဆည်းပေးရင်း
ငါ့ဘ၀ရဲ့ စာမျက်နှာတွေကို
ရောင်စုံခြည်ကာ လှပစေသူ။
ဒီအိုးထိန်းရှင် က ...
လမ်းမှားပေါ်မှာ ကခုန်နေတဲ့
ငါ့ခြေလှမ်းတွေကို ရိုက်ချိုးပြီး
လမ်းမှန်ထက်သို့ ဆွဲခေါ်ကာ
တစ်ဘ၀စာ ပဲ့ပြင်ဆုံးမပေးသူ။
ဒီအိုးထိန်းရှင် သည် ...
ငါဘာမှမသိခင်တည်းက
ကြင်နာနွေးထွေး၊ ချစ်မြတ်နိုးကာ
ပညာပေးသော လက်တစ်စုံ ...
ဘ၀အိုးထိန်းရှင် ငါ့မိဘတည်း။
မယ်ထား

No comments:
Post a Comment
Your comment is a lamb of my way.