ပြန်လျှော်လို့ ရပေမဲ့
အကြဉ်းတန်တဲ့ ပုံရိပ်တွေကို
မှတ်ဥာဏ်ထဲက ထုတ်ရခက်တယ် ...
လက်ဓားရှလို့ နာကြင်တာ
ခဏပါ ... ဒါပေမဲ့
နှလုံးသားထဲက ဒဏ်ရာတော့
အနာကျက်ဖို့ ခက်တယ် ...
ကောက်ရိုးမီးလို တဟုန်ထိုး
လောင်ကျွမ်းပြီး ငြိမ်းချင်ပေမယ့်
ရင်ထဲမှာနာကြဉ်ပူလောင်တဲ့
လောင်စာတွေက ဖွဲမီးလိုဘဲ
တမြေ့မြေ့ ...
လောင်စာတွေက ဖွဲမီးလိုဘဲ
တမြေ့မြေ့ ...
မယ်ထား

No comments:
Post a Comment
Your comment is a lamb of my way.